Tuesday, June 7, 2016
Monday, June 6, 2016
Sunday, June 5, 2016
@ခြေ တံရှည်@
မနက်စာက မနက်စာနဲ့
မတူ တော့ ဘူး
သစ်သီး ဖျော်စက် က
သူ့ကို သူ ပြန်ဖျော် တယ်
ထောပတ် သုတ်ထား တဲ့
စကား လုံးတွေ ကြား
နေ ထိုင်ရတာ ကိုက
ငြီး ငွေ့စရာ
ငါ အိမ် ပြန်ခဲ့ တယ်
ငါမရှိ တုန်း မွေးထားတဲ့
ငါ့ ညီမ လေးက
င့ါ ကို စိမ်း လို့
အဲ့ဒီ ညနေ က စားတဲ့ ထမင်းဝိုင်း
အဖေ ထိုင်တဲ့ နေရာ က
ထိုင် ခုံတစ် လုံး လွတ်တယ်
အိပ် ကပ်ထဲက နောင်တ တစ်လုံး
အိမ်အနောက် က ပင်လယ်ထဲ
ဆင်းပြေး သွားတယ်
ဒါပေ မဲ့
ငါလိုက် မဖမ်း ဖြစ် ဘူး
လူလစ် တဲ့နေရာ ရောက်တော့
နှလုံး သား ထဲက
' ရှုတ် ' ခနဲတစ် ချက်မြည်တယ်
တော်ပြီ ကွာ ညီမလေးရေ
ငါ ကိုယ် ငါ
ကဇော်ထပ်မဖောက်တော့ဘူး
သတိုးဈာန်
6 . 6 . 2016
Saturday, June 4, 2016
Subscribe to:
Comments (Atom)



